အဆင့် ၁ - ဝဘ်ဆိုဒ်သို့ဝင်ရောက်ခြင်း
-
ဖုန်းမှ Browser ကိုဖွင့်ပြီး Google တွင် QR Menu 4 U ဟု ရိုက်နှိပ်ရှာဖွေပါ။
-
https://qrmenu4u.com/ဆိုသည့် ဝဘ်ဆိုဒ်လိပ်စာကို နှိပ်၍ ဝင်ရောက်ပါ။
အဆင့် ၂ - အကောင့်အသစ်ဖွင့်ခြင်း (Register)
-
ဝဘ်ဆိုဒ်သို့ ရောက်ရှိပါက ညာဘက်အပေါ်ထောင့်ရှိ စာရင်းသွင်း (Register) ခလုတ်ကို နှိပ်ပါ။
အဆင့် ၃ - အချက်အလက်များ ဖြည့်စွက်ခြင်း
-
အောက်ပါ အချက်အလက်များကို မှန်ကန်စွာ ဖြည့်သွင်းပါ -
-
ဆိုင်အမည်: သင့်စားသောက်ဆိုင် သို့မဟုတ် လုပ်ငန်းအမည်ကို ရိုက်ထည့်ပါ။
-
ဆိုင်ရှင်အမည်: သင့်အမည်ကို ဖြည့်သွင်းပါ။
-
ဆိုင်ရှင်အီးမေးလ်: အသုံးပြုနေဆဲဖြစ်သော အီးမေးလ်လိပ်စာကို ထည့်ပါ။
-
ဆိုင်ရှင်ဖုန်းနံပါတ်: သင့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။
-
-
အချက်အလက်များ ပြည့်စုံပါက သိမ်းဆည်းပါ ခလုတ်ကို နှိပ်ပါ။
အဆင့် ၄ - အတည်ပြုချက်စစ်ဆေးခြင်း
-
စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းနှင့် အချက်အလက်များကို အီးမေးလ်သို့ ပို့ပေးထားကြောင်း အကြောင်းကြားစာ ပေါ်လာပါမည်။
အဆင့် ၅ - အီးမေးလ်အတွင်း Password စစ်ဆေးခြင်း
-
သင့်ဖုန်းရှိ အီးမေးလ် (Gmail) ကို ဖွင့်ကြည့်ပါ။
-
QR Menu 4 U မှ ပေးပို့ထားသော အီးမေးလ်ကို ဖွင့်ပါ (အကယ်၍ Inbox တွင် မတွေ့ပါက Spam folder ထဲတွင် ဝင်ရောက်စစ်ဆေးပါ)။
-
ထိုအီးမေးလ်ထဲတွင် ပါဝင်သော အကောင့်အမည် (Email) နှင့် လျှို့ဝှက်နံပါတ် (Password) ကို မှတ်သားထားပါ။
အဆင့် ၆ - အကောင့်ထဲသို့ ဝင်ရောက်ခြင်း (Login)
-
ဝဘ်ဆိုဒ်သို့ ပြန်သွားပြီး ဝင်မည် (Login) ခလုတ်ကို နှိပ်ပါ။
-
အီးမေးလ်ထဲတွင် ရရှိထားသော Email နှင့် Password ကို ဖြည့်သွင်းပြီး ဝင်ရောက်ပါ။
-
ယခုဆိုလျှင် သင်၏ Digital Menu များကို စတင်ဖန်တီးနိုင်ပြီဖြစ်သည်။